ဂျပန်နိုင်ငံမှာ အလုပ်လုပ်ရင်း ဖျားနာလျင် မည်သို့ ပြုလုပ်သင့်ပါသနည်း။
ဤတွင် ဆေးရုံဆေးခန်း အသုံးပြုပုံနှင့် ကျန်းမာရေးအာမခံ သဘောတရားကို ရှင်းပြပါမည်။
နည်းပညာအလုပ်သင်များသည် ဂျပန်‌ဆေးရုံဆေးခန်းများသို့သွား၍ ဆေးစစ်ခြင်း၊ ရောဂါကုသခြင်းများ ခံယူနိုင်ပါသည်။
ကုသမှုအတွက် ကုန်ကျငွေရှိသော်လည်း ဂျပန်နိုင်ငံတွင် လူတိုင်းကျန်းမာရေးအာမခံဝင်ထားရပြီး ဆေးကုသငွေ၏ ဝန်ကိုလျော့နည်းစေသော ကျန်းမာရေးအာမခံစနစ် ရှိပါတယ်။
ကျန်းမာရေးအာမခံဝင်ထားပါက ဆေးရုံဆေးခန်းတွင် သင်ပေးရသောငွေသည် စုစုပေါင်းကုန်ကျငွေ၏ ၃၀% သာဖြစ်ပါသည်။
“ဝန်ထမ်းကျန်းမာရေးအာမခံ” နှင့် “အမျိုးသားကျန်းမာရေးအာမခံ” ဟူ၍ ကျန်းမာရေးအာမခံ နှစ်မျိုးရှိပြီး နည်းပညာအလုပ်သင်များက တစ်ခုခုကို ဝင်ရောက်ရပါမည်။
ဆေးရုံဆေးခန်းကို သွားသည့်အခါ သေချာပေါက်ကျန်းမာရေးအာမခံကတ်ကို ယူဆောင်သွားပါ။
ဂျပန်နိုင်ငံတွင် ဆေးရုံနှင့် ဆေးခန်းများရှိပြီး၊ အအေးမိသောအခါ၊ ထိခိုက်ဒဏ်ရာ ရသောအခါ၊ သွားကိုက်သည့်အခါ စသဖြင့် ရောဂါလက္ခဏာများအလိုက် ပြသရမည့်ဌာနကို သတ်မှတ်ထားပါသည်။
ထို့အပြင် ဆေးဆိုင်များတွင် ဆေးဝါးများ ဝယ်ယူနိုင်ပါသည်။
သို့သော် ဆေးရုံဆေးခန်းမှ ဆရာဝန်မှ ရေးသားပေးသော ဆေးညွှန်းစာရွက်မရှိလျှင် ဝယ်ယူ၍မရသော ဆေးဝါးများ အမြောက်အမြား ရှိပါသည်။

1. 1 ဖျားနာလျင် ဆေးကုသမှု ခံယူလို့ရမလား။

လိုအပ်သော ဆေးဝါးကုသမှုကို သေချာပေါက် ခံယူနိုင်ပါတယ်။ 

1. 2 ကျန်းမာရေးအာမခံဆိုတာ ဘာလဲ။

• ကျန်းမာရေးအာမခံဆိုသည်မှာ ထိခိုက်ဒဏ်ရာရချိန် သို့မဟုတ် ဖျားနာချိန်တွင် ကုန်ကျသော ဆေးဝါးကုသစရိတ်ကို ပြည်သူများမှ မျှဝေပေးဆောင်သည့် စနစ်တစ်ခုဖြစ်သည်။
• ဂျပန်နိုင်ငံတွင် လူတိုင်းကျန်းမာရေးအာမခံ တစ်ခုခုကို ဝင်ရပါသည်။
• နိုင်ခြားသားများလည်း ဝင်ရောက်ရပါသည်။
• ကျန်းမာနေချိန်တွင်လည်း ကျန်းမာရေးအာမခံဝင်ရန် အာမခံကြေးငွေကို လတိုင်းပေးဆောင်ရပါသည်။
• အာမခံကြေးသည် သင်ရရှိသည့်ဝင်ငွေပေါ်မူတည်၍ ကွဲပြားခြားနားပါသည်။
• ကျန်းမာရေးအာမခံဝင်ထားပါက ဆေးရုံဆေးခန်းတွင် သင်ပေးရသောငွေသည် ကုန်ကျငွေ၏ ၃၀ % (၇၀% က အာမခံဌာနမှ ပေးသည်) ဖြစ်သည်။ 
• သင်၏ စီမံကွပ်ကဲရေးအဖွဲ့မှ “နိုင်ငံခြားသား အလုပ်သင် အထွေထွေအာမခံ” (JITCO အာမခံ) စသည်များတွင်ပါဝင်ထားပါက ဆေးရုံဆေးခန်းတွင် ပေးဆောင်ရမည့် ကျသင့်ငွေ ၃၀ % ကိုလည်း သင့်ကိုယ်စားပေးဆောင်မည်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် မိမိ ပေးဆောင်ရမယ့်ငွေသည် သုညဖြစ်ပါသည်။
• ကုမ္ပဏီနှင့် အတည်ပြုကြည့်ကြပါစို့။
• ကျန်းမာရေးအာမခံသည်– ၀န်ထမ်းကျန်းမာရေးအာမခံနှင့် အမျိုးသားကျန်းမာရေးအာမခံ ဟူ၍ အမျိုးအစားနှစ်မျိုး ရှိပါသည်။ ထိုနှစ်ခု၏ ကွဲပြားခြားနားချက်ကို အောက်တွင် ရှင်းပြထားပါသည်။

1. 3 ကျန်းမာရေးအာမခံအမျိုးအစား ဘယ်နှစ်ခု ရှိပါသနည်း။

“၀န်ထမ်းကျန်းမာရေးအာမခံ”နဲ့ “အမျိုးသားကျန်းမာရေးအာမခံ” ဆိုပြီးရှိပါတယ်။
အလုပ်သမားများသည် ဤအမျိုးအစားနှစ်ခုထဲမှ တစ်ခုကို ဝင်ရပါသည်။

1. 4 မည်သူက ကျန်းမာရေးအာမခံကို ဝင်ရမှာလဲ။

A သည် စက်ရုံတစ်ခုတွင် အလုပ်လုပ်နေသဖြင့် ၀န်ထမ်းကျန်းမာရေးအာမခံ ဝင်ထားပါသည်။

D သည် ပုဂ္ဂလိက လယ်ယာတွင် အလုပ်လုပ်နေသဖြင့် အမျိုးသား ကျန်းမာရေးအာမခံ ဝင်ထားပါသည် ။

၀န်ထမ်းကျန်းမာရေးအာမခံ

ကျန်းမာရေးအာမခံရနိုင်မရနိုင်သိရန် သင့်ကုမ္ပဏီနှင့် အတည်ပြုပါ။

အမျိုးသားကျန်းမာရေးအာမခံ

အာမခံကတ်များ ပြုလုပ်သည့် ဂျပန်ကျန်းမာရေးအာမခံအဖွဲ့အစည်း၏ ဌာနခွဲ

• ကုမ္ပဏီ အစရှိသည်၏ ကျန်းမာရေးအာမခံကို မဝင်ထားသူ
• ၇၅ နှစ်အောက် ငယ်သောသူ
• ဂျပန်နိုင်ငံတွင် ၃ လနှင့်အထက် နေထိုင်သူ နိုင်ငံခြားသား
※ ဆေးကုသရန်အတွက်နေထိုင်ခွင့် အစရှိသော အထူးနေထိုင်ခွင့် ရရှိထားသောသူများသည် ကျန်းမာရေးအာမခံဝင်ခွင့်မရပါ။

1. 5 ကျန်းမာရေးအာမခံကို မည်သို့ဝင်ရမည်နည်း။

၀န်ထမ်းကျန်းမာရေးအာမခံ

• သင်၏ကုမ္ပဏီအစရှိသည်တွင် လျှောက်ထားရပါသည်။
• လစဥ် အာမခံကြေးကို သင်နှင့် သင်၏ကုမ္ပဏီမှ တဝက်စီ ပေးဆောင်ရပါသည်။
• သင်ပေးဆောင်ရမည့် အာမခံကြေးကို လစာလက်ထဲမရောက်မှီတွင် လစာမှ နှုတ်ယူပါမည်။
* အကယ်၍ သင်အလုပ်ထွက်သည့်အခါ ကုမ္ပဏီ၏၀န်ထမ်းကျန်းမာရေးအာမခံကတ်ကို ဆက်လက်အသုံးပြုနိုင်မည်မဟုတ်ပါ။
* အလုပ်မှထွက်ပြီးသည့်တိုင် နေထိုင်ကြောင်း သန်းခေါင်စာရင်းရှိပါက အမျိုးသားကျန်းမာရေးအာမခံကို ဝင်နိုင်ပါသည်။

အမျိုးသားကျန်းမာရေးအာမခံ

• မိမိနေထိုင်သောမြို့၏အုပ်ချုပ်ရေးမှုးရုံးတွင် လျှောက်ထားပါ။
• အိမ်ပြောင်းရွှေ့သောအခါ သို့မဟုတ် အလုပ်စတင်လုပ်သည့်အခါတွင် အုပ်ချုပ်ရေးမှုရုံးသို့ ဆက်သွယ်ပါ။
• သင်၏ မိသားစုဝင်အရေအတွက်၊ ဝင်ငွေပမာဏနှင့် အခြားအချက်များအပေါ်မူတည်၍ လစဉ်အာမခံကြေးသည် ကွာခြားပါသည်။
• အထူးအခြေအနေတရပ်ရပ်ကြောင့် အာမခံကြေးကို လျှော့ချစေလိုပါက အုပ်ချုပ်ရေးမှုးရုံးတွင် စုံစမ်းတိုင်ပင်ပါ။

1. 6 ဆေးကုသမှု ကုန်ကျငွေ၏ မည်မျှကို သင်ပေးဆောင်ရမည်နည်း။

၀န်ထမ်းကျန်းမာရေးအာမခံ

ကုန်ကျငွေ၏ ၃၀%
※ကလေးငယ်နှင့် သက်ကြီးရွယ်အိုများမှာ ကွဲပြားပါသည်။
※ဥပဒေပြုပြင်ပြောင်းလဲခြင်းကြောင့် ပြောင်းလဲနိုင်ခြေရှိပါသည်။

းကျန်းမာရေးအာမခံ

ကုန်ကျငွေ၏ ၃၀%
※ကလေးငယ်နှင့် သက်ကြီးရွယ်အိုများမှာ ကွဲပြားပါသည်။
※ဥပဒေပြုပြင်ပြောင်းလဲခြင်းကြောင့် ပြောင်းလဲနိုင်ခြေရှိပါသည်။

1. 7 支払うお金がとても高いときに、安くなる方法はありますか?

はい、あります。

  1. ဆေးရုံဆေးခန်းတွင်ပေးဆောင်ရမည့် ငွေပမာဏ (၃၀%) သည် သတ်မှတ်ထားသော ပမာဏ (ကာယကံရှင်မှ ကျခံရမည့် အများဆုံးပမာဏ) ကိုကျော်လွန်ပါက လူနာမှအရင်ပေးဆောင်ထားပြီးနောက် ခန့်မှန်းခြေ ၃ လအတွင်းတွင် 「မြင့်မားသော ဆေးကုသစရိတ်」(ပုံရှိ အစိမ်းရောင်နေရာ) မှ ပြန်အမ်းပေးပါသည်။ ပြန်အမ်းငွေပမာဏသည် ထိုသူ၏ ဝင်ငွေနဲ့ အသက်အရွယ်အပေါ် မူတည်ပြီး ကွဲပြားပါသည်။
  2. ဆေးရုံဆေးခန်းတွင် သင်ပေးဆောင်ရမည့်ငွေ (၃၀%)သည် အလွန်မြင့်မားသည်ကို ကြိုတင်သိရှိပါက အစကတည်းမှ ကာယကံရှင်မှ ကျခံရမည့် အများဆုံးပမာဏ (ပုံတွင် လိမ္မော်ရောင်နေရာ) ကိုသာ ပေးဆောင်ရမည့် နည်းလမ်းလည်း ရှိပါသည်။ ဆေးရုံဆေးခန်း၏ ငွေရှင်းကောင်တာတွင် “အများဆုံးပမာဏကိုသာ ပေးဆောင်ခွင့်လက်မှတ်”ကို တင်ပြပါက (ပုံရှိ အစိမ်းရောင်နေရာ)ကို လျှော့ချနိုင်ပါသည်။”အများဆုံးပမာဏကိုသာ ပေးဆောင်ခွင့်လက်မှတ်” ကို ထုတ်ယူရန် ဝန်ထမ်းကျန်းမာရေးအာမခံရှိသူက အလုပ်ကုမ္ပဏီသို့၊  အမျိုးသားကျန်းမာရေး အာမခံထားရှိသူက ဒေသအုပ်ချုပ်ရေးမှူးရုံးသို့ ပြောဆို တောင်းယူနိုင်ပါသည်။
    ကျန်းမာရေးအာမခံမှ ပေးဆောင်ငွေ (၇၀%)
    ကာယကံရှင်မှ ကျခံရမည့် အများဆုံးပမာဏ
    မြင့်မားသော ဆေးကုသစရိတ်
    ※ကြိုတင်၍ ငွေပမာဏလျှော့ချခြင်း
    ဆေးရုံဆေးခန်းတွင် သင်ပေးဆောင်ရမည့်ငွေ (၃၀%)
    ဆေးကုသစရိတ် စုစုပေါင်း

※လုပ်ထုံးလုပ်နည်းများသည် ကိုယ်တစ်ဦးတည်းပြုလုပ်ရန် ခက်ခဲပါသဖြင့် ဆေးရုံ၏ လူမှုရေးလုပ်သား အစရှိသည်ကို တိုင်ပင်ကြပါစို့။ ထို့အပြင် အနီးအနားရှိ ဂျပန်လူမျိုးနှင့် နိုင်ငံခြားသားများကို တိုင်ပင်ကြပါစို့။

1. 8 ကုန်ကျငွေကို ခွဲပေး၍ ရပါသလား။

အခြေခံအားဖြင့် မရပါ။ သို့သော် ရနိုင်သော အခြေအနေ (ပါလာသောငွေသားက မလုံလောက်ပါက တစ်စိတ်တစ်ပိုင်းသာ ပေးဆောင်ပြီး ကျန်ငွေကို နောက်နေ့တွင်ပေးဆောင်ခြင်း စသည်) လည်းရှိသောကြောင့် ဆေးရုံဆေးခန်းတွင် ငွေပေးချေချိန်တွင် မေးမြန်းကြည့်ကြပါစို့။

1. 9 နာမကျန်းဖြစ်သည့်အခါ မည်သည့်နေရာသို့ သွားရမည်နည်း။

အအေးမိခြင်း၊ ဝမ်းပျက်ခြင်းစသည့် အပေါ့စား ‌ရောဂါလက္ခဏာများအတွက် နီးစပ်ရာ ဆေးခန်းများသို့ သွားနိုင်ပါသည်။
ကြီးမားသော ရောဂါလက္ခဏာနှင့် ဒဏ်ရာများအတွက် ဆေးရုံသို့ သွားပါ။

အနီးအနားရှိ ဆေးခန်း

‌ဆေးရုံ

အအေးမိခြင်း၊ ဝမ်းပျက်ခြင်းစသည့် အပေါ့စား ‌ရောဂါလက္ခဏာများ

ဆေးရုံ၊ ဆေးခန်း

ဆရာဝန်၏မိတ်ဆက်စာ

ကြီးမားသော ရောဂါဝေဒနာကို စစ်ဆေးတွေ့ရှိပါက
ခွဲစိတ်ရန်၊ ဆေးရုံတက်ရန်လိုချိန်

ကြီးမားသော ရောဂါလက္ခဏာနှင့် ဒဏ်ရာများ

ဆေးရုံကြီး
(အထွေထွေ ရောဂါကု ဆေးရုံ)

ဆေးခန်းနဲ့ ဆေးရုံရဲ့ ကွာခြားချက်က ဘာလဲ။

ဆေးရုံ – ဆေးရုံကုတင် ၂၀နှင့်အထက်

ဆေးခန်း – ဆေးရုံ ၁၉ ကုတင်နှင့် အောက်

※ကုတင်၂၀၀အထက် ဆေးရုံကြီးကို သွားသည့်အခါ၊ 「ဆရာဝန်၏မိတ်ဆက်စာ」မပါပါက ဆေးကုသစားရိတ်အပြင် ယန်း ၁၀၀၀〜၈၀၀၀ လောက် အပိုပေးဆောင်ရပါသည်။

ဆေးစစ်ပြသရန်နည်းလမ်းများ

ဂျပန်ပြည်တွင် မည်သူမဆို ဆေးရုံဆေးခန်းတွင် ဆေးကုသမှုခံယူခွင့် ရှိပါသည်။

  1. ရောဂါလက္ခဏာကို အတည်ပြု စစ်ဆေးပါမည်။
  2. ရောဂါလက္ခဏာနှင့်သက်ဆိုင်သော ဆေးကုသဌာနရှိသော နီးစပ်ရာ ဆေးရုံဆေးခန်းကို ရှာဖွေပါမည်။
    ※ရောဂါတစ်ခုတည်းကို သီးသန့်အထူးပြုကုသသော ဆေးရုံဆေးခန်းများလည်း ရှိပါသည်။ (မျက်စိဆေးခန်း (မျက်စိနှင့်ဆိုင်သော ရောဂါ)၊ သွားဆေးခန်း(သွားဘက်ဆိုင်ရာရောဂါ)၊ အရိုးအကြောခွဲစိတ်ဆေးခန်း(ဒဏ်ရာ)အစရှိသည်)
    ※ကုတင်၂၀၀အထက် ဆေးရုံကြီးသို့ သွားသည့်အခါ 「ဆရာဝန်၏မိတ်ဆက်စာ」ကို ယူဆောင်သွားသင့်ပါသည်။
    ※ကုတင်၂၀၀အထက် ဆေးရုံကြီးကို သွားသည့်အခါ၊ 「ဆရာဝန်၏မိတ်ဆက်စာ」မပါပါက ဆေးကုသစားရိတ်အပြင် ယန်း ၁၀၀၀〜၈၀၀၀ လောက် အပိုပေးဆောင်ရပါမည်။
    ※「ဆရာဝန်၏မိတ်ဆက်စာ」ကိုလိုအပ်ပါက ဆေးခန်းတွင် တောင်းယူရရှိနိုင်ပါသည်။
  3.  
  4. လက်ခံကောင်တာတွင် ရောဂါလက္ခဏာကို ပြောပြပါ။ 「ကျန်းမာရေး အာမခံကတ်ကို ပြပါ」ဟုပြောလျှင် ထုတ်ပြပါ။
    ကာယကံရှင်ဖြစ်ကြောင်းအထောက်အထား(နိုင်ငံခြားသား မှတ်ပုံတင်ကတ် (ဇိုင်းယူးကတ်)၊ နိုင်ငံကူးလက်မှတ် စသည်)ကို ပြသပါဟုပြောလျှင် ထုတ်ပြပါ။
  5. အလှည့်ကျလျှင် အမည်/နံပါတ်ခေါ်မည်ဖြစ်ပြီး ဆေးစစ်ဆေးမှုကို ခံယူရပါမည်။
    ※ကြိုတင် တိုကင်/ဘိုကင်ယူ၍ရသော ဆေးရုံဆေးခန်းများလည်း ရှိပါသည်။ ကြိုတင် တိုကင်/ဘိုကင်ယူထားပါက ဆေးရုံဆေးခန်းတွင် စောင့်ရချိန် လျော့နည်းသွားပါမည်။
    ※ဆေးစစ်ပြသပြီးနောက် ငွေတောင်းလွှာပြေစာနှင့် ဆေးစစ်ချက်မှတ်တမ်းများကို လွှင့်မပစ်ပဲ သေချာစွာ သိမ်းဆည်းထားကြပါစို့။ နောက်တစ်ကြိမ် ဆေးခန်းပြသချိန်တွင် လိုအပ်နိုင်ပါသည်။

1. 10 ဆေးရုံဆေးခန်းသို့သွားသောအခါ မည်သည့်အရာများ လိုအပ်ပါသနည်း

ဆေးရုံသွားသည့်အခါ ငွေသား (လက်ငင်းငွေ)၊ သက်တန်းရှိကျန်းမာရေးအာမခံကတ် သို့မဟုတ် အခြားအသုံးပြုနိုင်သော နေထိုင်ခွင့် စာရွက်စာတမ်း၊ ကျန်းမာရေး အာမခံနှင့်ဆက်စပ်ထားသော
MyNumberကပ်ပြား ကို မလွဲမသွေ ယူဆောင်သွားပါ။
နားမလည်ပါက အနီးအနားရှိ လူအား မေးကြားစေ
လိုပါသည်။

ရှိပါက ယူသွားသင့်သော အရာ : ယခုလက်ရှိ သောက်သုံးနေသော ဆေး၊ ယခင်ပြုလုပ်ထားသော ဆေးစစ်ချက်၊ ဆေးမှတ်တမ်း စသည်
※ကာယကံရှင်ဖြစ်ကြောင်းအထောက်အထား(နိုင်ငံခြားသား မှတ်ပုံတင်ကတ် (ဇိုင်းလျူးကတ်)၊ နိုင်ငံကူးလက်မှတ် စသည်)ကို ပြသဖို့လိုအပ်တတ်ပါသဖြင့် ယူဆောင်သွားပါ။
※ကျန်းမာရေးအာမခံကတ်ကို ယူဆောင်မသွားပါက သို့မဟုတ်ကျန်းမာရေးအာမခံ မဝင်ထားပါက ကုန်ကျငွေကို အပြည့်ပေးဆောင်ရပါမည်။

1. 11 မည်သည့်အထူးကုဌာနသို့ သွားသင့်သနည်း။

ရောဂါနှင့် ဒဏ်ရာအပေါ်မူတည်ပြီး ဆေးကုသမှုဌာနများ ကွဲပြားပါသည်။

အသေးစိတ်ထပ်မံရှာဖွေမည်!

နေမကောင်းဖြစ်သည့်အခါ လုပ်ရန် အဆင့် ၃ဆင့်။
ကိုယ်လက်မအီမသာ မကျန်းမာသောအခါ ရောဂါလက္ခဏာ မပြင်းထန်လာမီ နီးစပ်ရာ ဆေးရုံဆေးခန်းမှာ ပြသကြပါစို့။

အဆင့် ၁

တစ်ယောက်ထဲပူပန်မနေပဲ ခင်မင်ရင်းနှီးသူတစ်ယောက်ယောက်နှင့် တိုင်ပင်ပါ။

‘- ပထမဦးစွာ ကိုယ်နှင့်နီးစပ်သော ဂျပန်လူမျိုး၊ အလုပ်ရှင်အား ဆေးရုံဆေးခန်းသွားရန် တိုင်ပင်ကြပါစို့။

အဆင့် ၂

တယ်လီဖုန်းဆက်!

‘- အဆင့် ၁ လုပ်ရန် ခက်ခဲပါက ဆေးရုံဆေးခန်းကို လမ်းညွှန်ပေးနိုင်သော ကောင်တာကို ရှာ‌ဖွေပြီး ဖုန်းဆက်ကြပါစို့။

အဆင့် ၃

အရင်ဆုံး အနီးအနားရှိ ဆေးရုံဆေးခန်းများတွင် ပြသစစ်ဆေးကြပါစို့။

‘- စမတ်ဖုန်း(Google Map အစရှိသည်) တို့ကိုအသုံးချကာ နီးစပ်ရာ ဆေးရုံဆေးခန်းကို ရှာဖွေကြပါစို့။

1. 12 ဂျပန်စကား ကောင်းစွာမပြောနိုင်သဖြင့် ဆေးရုံဆေးခန်းသွားစဥ် ဘာသာစကားအခက်အခဲကို စိုးရိမ်ပါသည်။

  1. ဂျပန်စကား အနည်းငယ်နားလည်ပါက「ပိုပြီးလွယ်ကူရိုးရှင်းတဲ့ ဂျပန်စကားနဲ့ ပြောပေးပါ」လို့ ဝန်ထမ်းများကို ပြောပါ။
  2. ဆေးရုံဆေးခန်းမသွားမီ ကျန်းမာရေးစကားပြန်
    စီစဥ်ပေးမှုရှိမရှိ၊ စီစဥ်ပေးပါက ကုန်ကျစရိတ်အစရှိသည်
    တို့ကို ကြိုတင် မေးမြန်းပါ။
    ※ အချို့ဆေးရုံကြီးများတွင် 「ကျန်းမာရေးစကားပြန်」ရှိပါသည်။ သို့သော် ထိုကဲ့သို့ ဆေးရုံက နည်းပါးပြီး၊ အများအားဖြင့် စကားပြန် တောင်းဆိုပါက ဝန်ဆောင်ခ ပေးဆောင်ရတတ်ပါသည်။
  3. နိုင်ငံတကာဆက်ဆံရေးအဖွဲ့အစည်း၊ နိုင်ငံခြားသား တိုင်ပင်ဆွေးနွေးရန်စင်တာ၊ NPO စသည်တို့က ဖုန်းဖြင့် စကားပြန် ပြုလုပ်ပေးခြင်း၊ ဆေးရုံဆေးခန်းသို့ အတူတကွ လိုက်ပါကူညီခြင်းများ ပြုလုပ်တတ်ပါသည်။

[ဆွေးနွေးတိုင်ပင်နိုင်သော ဌာနစာရင်း]
အခန်းစဥ် ၀ :[ဆွေးနွေးတိုင်ပင်နိုင်သော ဌာနစာရင်း]တွင်ရှိသော ဖုန်းနံပါတ်များကိုဆက်၍ တိုင်ပင်နိုင် ပါသည် ။

1. 13 ရောဂါကြောင့် အလုပ်ကို အနားယူလိုသည့်အခါ မည်ကဲ့သို့ ပြုလုပ်ရမည်နည်း။

အလုပ်မှလူကို အကြောင်းကြားပါ။
※ဆေးရုံပြသရန်၊ မကျန်းမာ၍ အနားယူရန်စသည်အတွက် အလုပ်မှ အနားယူနိုင်ပါသည်။ လစာဖြင့်ခွင့်သည် အလုပ်သမား၏ ရပိုင်ခွင့် အခွင့်အရေးဖြစ်ပါသည်။
※အလုပ်လုပ်နေသောသူသည် နေထိုင်မကောင်းဖြစ်ပါက၊ ကာလအပိုင်းအခြားတစ်ခုအထိ အလုပ်မှ အနားယူစေရန် ကုမ္ပဏီတွင်တာဝန်ရှိပါသည်။ ဤအရာကို (ကျန်းမာရေး)ဆေးခွင့် ဟုခေါ်ပါသည်။ (ကျန်းမာရေး)ဆေးခွင့်ကို ယူရန် ဆေးမှတ်တမ်း လိုအပ်သဖြင့် အလုပ်မှ တာဝန်ခံဖြင့် တိုင်ပင်ပါ။
※အကြောင်းမကြားပဲ အလုပ်ကိုအနားယူပါက「ခွင့်မဲ့အလုပ်ပျက်ခြင်း」ဖြစ်ပြီး၊ (ဆက်လက်အလုပ်လုပ်ရန်ခက်ခဲနိုင်ခြေ) အခက်အခဲများ ရှိနိုင်ပါသည်။ ရောဂါကြောင့် အလုပ်မှခွင့်ယူရန် လိုအပ်သည့်အခါတွင် အလုပ်မှ လူအား ပွင့်လင်းစွာ ပြောကြားပါ။
ဆေးရုံဆေးခန်းသို့ သွားပါ။
ရောဂါကြောင့် အလုပ်ကို အနားယူသည့် သက်သေအဖြစ် ဆေးရုံဆေးခန်းမှ 「ဆေးစစ်ချက်မှတ်တမ်း」နှင့် 「ဆရာဝန်ဆေးလက်မှတ်」ကို ရယူရန် လိုအပ်ပါသည်။
※ဤစာရွက်စာတမ်းများကို ထုတ်ယူရန် ယန်း ၃၀၀၀ မှ ယန်း၅၀၀၀ခန့် ကုန်ကျပါမည်။

1. 14 ဆေးဝါးကို ဘယ်မှာ ဝယ်ယူလို့ရလဲ။

–ဆေးဝါးများကို ဆေးဆိုင်များတွင် ဝယ်ယူနိုင်ပါသည် ။ ဆရာဝန်ဖြင့်ပြသပြီး လိုအပ်သောဆေးကို ညွှန်းပေးသောအခါတွင် ထိုဆေးညွှန်းကိုယူ၍ ဆေးဆိုင်တွင်ဝယ်ယူနိုင်ပါသည်။

1. 15 မည်သည့်ဆေးဝါးကို ဝယ်ရမည်ကို မသိပါ။

ဆေးဆိုင်များတွင် ဆေးဝါးပညာရှင် ဟုခေါ်သော ဆေးဘက်ဆိုင်ရာကျွမ်းကျင်သည့် အတတ်ပညာရှင်များ ရှိပါသည်။ လိုအပ်တဲ့ ဆေးဝါးကို ဝယ်နိုင်လား၊ မည်သည့်ဆေးကိုဝယ်ရမည်၊ မည်ကဲ့သို့ ဆေးသောက်ရမည်၊ မည်ကဲ့သို့ ဆေးရုံတွင် ဆေးကုသမှုခံယူရမည်များကို ဆေးဝါးပညာရှင်အား မေးမြန်းနိုင်ပါသည်။

【 ဂျပန်ဘာသာဖြင့် အသေးစိတ်သတင်းအချက်အလက်】

တစ်လနှင့်အထက် သောက်သုံးရန် ဆေးဝါးများကို ဂျပန်သို့ သယ်ယူလာခြင်း၊ သင့်နိုင်ငံမှ တင်ပို့ခြင်းများ ပြုလုပ်သည့်အခါ လုပ်ထုံးလုပ်နည်း (ကုန်ပစ္စည်းတင်သွင်းခွင့်လက်မှတ်)လိုအပ်ပါသည်။ ထို့အပြင် မိမိကသယ်ယူလာသော ဆေးဝါးများကို အသိမိတ်ဆွေများအား ရောင်းခြင်း၊ ဝေငှခြင်း နှင့် ဝယ်ယူခြင်း၊ ရယူခြင်းများကို ဂျပန်ဥပဒေက ခွင့်မပြုပါ။ လုံးဝ ရှောင်ကြဥ်ရပါမည်။

1. 16 နည်းပညာအလုပ်သင်များ အသိပေးခြင်းမရှိဘဲ အလုပ်မှထွက်ပြီး(ထွက်ပြေးပြီး) နောက် ရောဂါဖြစ်ပါက မည်ကဲ့သို့ ဖြစ်နိုင်ပါသနည်း။

ကျန်းမာရေးအာမခံဝင်၍ မရတော့သောကြောင့် ဂျပန်နိုင်ငံတွင်း ဆေးရုံဆေးခန်းသို့သွားမည်ဆိုလျှင် ကုန်ကျစရိတ်အားလုံးကို အပြည့်အဝ ပေးဆောင်ရမည် ဖြစ်ပြီး ဆေးကုသစရိတ် များစွာကုန်ကျပါမည်။
• သို့ရာတွင် အလုပ်မှထွက်ပြေးနေစဥ်ကာလတွင်လည်း နေမကောင်းဖြစ်ပါက ဆရာဝန်ပြသခြင်း၊ ဆေးဝါးကုသခြင်းများသည် သင့်ကျန်းမာရေးအတွက် အရေးကြီးပါသည်။
• ထွက်မပြေး၍ မဖြစ်သော အခြေအနေရှိသည့်အခါနှင့် အလုပ်မှထွက်ပြီးနောက် နေမကောင်းဖြစ်သည့်အခါ အကူအညီပေးသော အဖွဲ့အစည်းများနှင့် တိုင်ပင်ကြပါစို့။
• ကျန်းမာရေးအာမခံမရှိသော်လည်း၊ ဖျားနာနေသည့်အခါ ကာယကံရှင်က ပေးဆောင်ရသော ဆေးကုသငွေကို လျှော့ချပေးသော ဆေးရုံများလည်း ရှိပါသည်။ သို့သော် ထိုသို့သော ဆေးရုံက နည်းပါးပြီး၊
လုပ်ထုံးလုပ်နည်းများလည်း ရှုပ်ထွေးပါသဖြင့်
အကူအညီပေးသော အဖွဲ့အစည်းများဖြင့်
တိုင်ပင်ဆွေးနွေးပါ။
ထိုသို့သော အခြေအနေများတွင် လုပ်ထုံးလုပ်နည်းများမှာ အလွန်ခက်ခဲသောကြောင့် [ဆွေးနွေးတိုင်ပင်နိုင်သော ဌာနစာရင်း] မှ ဌာနများကိုဆက်သွယ်ကြပါစို့။[ဆွေးနွေးတိုင်ပင်နိုင်သော ဌာနစာရင်း]

[တိုင်ပင်ရေးဝန်ဆောင်မှုများစာရင်း]

ဂျပန်-ဗီယက်နမ် ကူညီပံ့ပိုးရေးအသင်း Tomoiki

အောက်ပါ QR ကုဒ်ကို အသုံးပြုပြီး Facebook Messenger မှတစ်ဆင့် အကြံပေးမှုကို တောင်းခံနိုင်ပါသည် (စကားစဉ်ကို ဂျပန်ဘာသာဖြင့် စတင်ပေမယ့် ဗီယက်နမ်ဘာသာဖြင့် အသုံးပြုနိုင်သည်)