ဤလက်စွဲစာစောင်သည်…

ဤလက်စွဲစာစောင်သည် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ရန် သို့မဟုတ် အလုပ်လုပ်ရန် စီစဉ်နေကြသော နိုင်ငံခြားအလုပ်သမားများအတွက်ဖြစ်သည်။

ဤလက်စွဲစာစောင်တွင် ဂျပန်နိုင်ငံအတွင်း ဆေးကုသမှုခံယူရန်အတွက် အကြံပြုချက်များ၊ ကျန်းမာရေးအာမခံနှင့် အရေးပေါ်အချိန်များတွင် လုပ်ဆောင်ရမည့် လမ်းညွှန်ချက်များပါရှိသည်။

ထို့အပြင် ကူးစက်ရောဂါကာကွယ်ခြင်း၊
စိတ်ကျန်းမာကြံ့ခိုင်ရေး၊ အလုပ်ခွင်ကျန်းမာရေးနှင့်
မျိုးဆက်ပွားကျန်းမာရေး နှင့်ဆိုင်သော
အချက်အလက်များကို အမေးအဖြေပုံစံဖြင့်
ရေးသားဖေါ်ပြထားပါသည်။

ယခုလက်စွဲစာစောင်ထဲမှ အချက်အလက်များသည် ယေဘုယျ အကြောင်းအရာများဖြစ်ပြီး ဂျပန်နိုင်ငံ၏ နောက်ဆုံးပေါ်ဥပဒေ၊ စနစ်၊ လုပ်ထုံးလုပ်နည်းတွေကို လုံးဝဥသုံ ထင်ဟပ်နေသည်ဟု မဆိုလိုနိုင်ပါ။

ဖော်ပြထားသော ဆက်သွယ်မေးမြန်ရန်နေရာများ၏ အချက်အလက်များသည် နိုဝင်ဘာလ ၃၀ရက် ၂၀၂၄ခုနှစ် ဤစာစောင်ရေးသားချိန် အခြေအနေများ ဖြစ်ပါသည်။

ဤလက်စွဲစာစောင်ရှိ အကြောင်းအရာများသည် ထုတ်ဝေမှုနှင့်သက်ဆိုင်သော အဖွဲ့အစည်းများ၏ တရားဝင် ထုတ်ပြန်ချက်များ မဟုတ်ပါ။ ဤလက်စွဲစာစောင်ရှိ သတင်းအချက်အလက်များသည် ‌အစိုးရ၊ ဒေသအုပ်ချုပ်ရေးအစိုးရများ၏ တရားဝင် ထုတ်ပြန်ချက်များကို ကိုယ်စားမပြုပါ။

ဤလက်စွဲစာစောင်၏ မူရင်းကို နိုင်ငံတကာ လူဝင်မှုကြီးကြပ်ရေး အဖွဲ့အစည်း (IOM) ၏ ဖွံ့ဖြိုးရေးရန်ပုံငွေကိုရယူပြီး ထုတ်ဝေခဲ့ပါသည်။

MINNA က မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပါသည်။

ဩဂုတ်လ ၁ ရက် ၂၀၂၃ တည်းဖြတ်

ကိုးကားရန်- Migrant Health Working Group (MHWG), 2022.
ဂျပန်နိုင်ငံ၌ အလုပ်လုပ်ကိုင်နေသော ဗီယက်နမ်နိုင်ငံသားများ အတွက် စာစောင်။ MHWG, Hanoi.

ကျန်းမာရေးနှင့် ပတ်သက်၍ မေးခွန်း သို့မဟုတ် ပြဿနာများရှိသောအခါ

မာတိကာခေါင်းစဥ်ရှိ မေးခွန်းများကိုကြည့်ပြီး သိလိုသော အကြောင်းအရာများရှိသည့် စာမျက်နှာမှ “အဖြေများ” ကို ဖတ်ရှုပါ။

[အဖြေများ] တွင်ပါ၀င်သည်ထက် ပိုမိုအသေးစိတ်သော အချက်အလက်များသည် “ပို၍ အသေးစိတ် ရှာကြည့်မယ်!”တွင် ရှိပါသည်။
သိလိုသော သတင်းအချက်အလက်များအတွက် လင့်ခ်များနှင့် ကော်လံများကို ကြည့်ပါ။

ကောင်းစွာ နားမလည်သည့်အခါ [ဆွေးနွေး
တိုင်ပင်နိုင်သော ဌာနစာရင်း] ကိုကြည့်ပြီး
တိုင်ပင်ကြပါစို့။

【 ဂျပန်ဘာသာဖြင့်
အသေးစိတ်သတင်းအချက်အလက်】
ပတ်ဝန်းကျင်ရှိ ဂျပန်လူမျိုးများ သို့မဟုတ်
ဂျပန်စကားနားလည်သူများကို ပြသပြီး
တိုင်ပင်ဆွေးနွေးကြည့်ကြပါစို့။

လက်စွဲစာစောင်ထဲမှ ဇာတ်ကောင်များ

ဤလက်ဆွဲစာစောင်ထဲတွင် ဂျပန်နိုင်ငံတွင်အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများ အနေဖြင့် ‌ဝေခွဲမရသောကိစ္စများကို ဇာတ်ကောင်အသီးသီး၏ မေးခွန်းများအဖြစ် ရွေးထုတ်ထားပါသည်။

1. A

အသက် - ၃၅
အလုပ်အကိုင် - ကုန်ထုတ်လုပ်ရေးလုပ်သား
ဂျပန်စကားကို လုံးဝနီးပါး မပြောနိုင်ပါ။

2. B

အသက် - ၂၂
ဂျပန်စကား အနည်းငယ် ပြောဆိုတတ်သည်။
ဘာသာစကား : ဂျပန်စကား အနည်းငယ် ပြောဆိုတတ်သည်

3. C

အသက် - ၃၀
အလုပ်အကိုင် - စားသောက်ဆိုင် အလုပ်သမား
ဂျပန်စကား အနည်းငယ် ပြောဆိုတတ်သည်။

4. D

အသက် - ၂၂
အလုပ်အကိုင် - စိုက်ပျိုးရေးလုပ်သား
ဂျပန်စကား အနည်းငယ် ပြောဆိုတတ်သည်။

[ဆွေးနွေးတိုင်ပင်နိုင်သော ဌာနစာရင်း]

ဩဂုတ်လ ၁ ရက် ၂၀၂၃ တည်းဖြတ်
အောက်ပါအချက်အလက်များမှာ သက်ဆိုင်ရာနယ်ပယ်အသီးသီးရှိ အဖွဲ့အစည်းများကို ဆက်သွယ်နိုင်ရန် အချက်အလက်များကို အယ်ဒီတာအဖွဲ့က ပြုစုထားခြင်းဖြစ်ပါသည်။

I

ဆေးရုံဆေးခန်း အသုံးပြုနည်းနှင့် ကျန်းမာရေးအာမခံ သဘောတရား

* AMDA နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ သတင်းအချက်အလက်ဌာန

ဆွေးနွေးတိုင်ပင်မှုကို ဂျပန်နိုင်ငံအတွင်းရှိ မည်သည့်နေရာမှမဆို ပြုလုပ်နိုင်ပါသည်။ (အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါသည်။ ဖုန်းခေါ်ခကို တိုင်ပင်သူက ပေးဆောင်ရပါမည်)

ရုတ်တရက် ပြင်းထန်တဲ့ရောဂါဝေဒနာ သို့မဟုတ် ထိခိုက်ဒဏ်ရာကြောင့် လူနာတင်ကား ခေါ်ဆိုရန်လိုအပ်သည့်အခါ “၁၁၉” သို့ဖုန်းဆက်နိုင်ပါသည်။

II

Bệnh truyền nhiễm

တီဘီရောဂါနှင့်ဆက်နွှယ်သည့် ကိစ္စရပ်များ

* TB Action Network/Tuberculosis Action Networko

ကွယ်လွန်ရောဂါ (တီဘီ) ဆိုင်ရာ အကြံပေးမှုကို Facebook မှတစ်ဆင့် အချိန်မရွေး တောင်းခံနိုင်ပါသည်။ ချောင်းဆိုးခြင်း၊ အဖျားတက်ခြင်း၊ အသက်ရှူခက်ခြင်း စသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာများအကြောင်းကို ခေါင်းမအောက်မခံဘဲ ဆွေးနွေးနိုင်ပါသည်။ ထို့အပြင် ဆေးရုံသွားရန်အကြောင်းကိုလည်း မေးမြန်းနိုင်ပါသည်။ ကျန်းမာရေးနှင့် ကူးစက်ရောဂါကျွမ်းကျင်သူများက သင့်အား ကူညီပေးမည်ဖြစ်ပါသည်။

TB Action Network

* အများအကျိုးအဖွဲ့အစည်း တီဘီရောဂါသုတေသနဌာန တိုက်ဖျက်ရေးထောက်ပံ့မှုဌာန နိုင်ငံခြားသားတယ်လီဖုန်းဖြင့် တိုင်ပင်ဆွေးနွေးရန်ဝန်ဆောင်မှု

နိုင်ငံခြားဘာသာဖြင့် ဆွေးနွေးရန်ကောင်တာ: 03-3292-1219 (အင်္ဂါနေ့တိုင်း နံနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ)

HIV/AIDSနှင့်ဆက်နွယ်သည့် ကိစ္စရပ်များ

* ဝက်ဘ်ဆိုဒ် “HIV ဆေးစစ်ခြင်းနှင့် ဆွေးနွေးတိုင်ပင်မှု မြေပုံ”

ဖုန်းဆက်တိုင်ပင်ရန်ကောင်တာနှင့် HIVဆေးစစ်ဌာနကို မိတ်ဆက် ပေးနေပါသည်။

III

လိင်နှင့် မျိုးဆက်ပွားကျန်းမာရေး

ကိုယ်ဝန်ဆောင်ခြင်း၊ ကလေးမွေးဖွားခြင်း စသည်

* နိုင်ငံခြားသားများနှင့် လက်တွဲနေထိုင်ရေးအသင်း ကူမူစတာကာအသင်း (ကူမာမိုတိုမြို့၊ ကူမာမိုတိုမြို့နယ်)

ဂရုပြုရန်လိုသော ကျန်းမာရေးပြဿနာများ၊ ကိုယ်ဝန်ဆောင်ရေးအပါအဝင် အမျိုးမျိုးသော ကျန်းမာရေးကိစ္စများကို Facebook မှတစ်ဆင့် အချိန်မရွေး တိုင်ပင်နိုင်ပါသည်။ ခေါင်းအောက်မခံဘဲ ချောင်းဆိုးခြင်း၊ အဖျားတက်ခြင်း၊ အသက်ရှူလှုပ်ရှားခက်ခဲခြင်းစသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကိုလည်း ဆွေးနွေးနိုင်ပါသည်။ ထို့အပြင် ဆေးရုံသွားရောက်ခြင်းအကြောင်းကိုလည်း မေးမြန်းနိုင်ပါသည်။ ကျန်းမာရေးနှင့် ကူးစက်ရောဂါ အထူးကျွမ်းကျင်သူများက သင့်ကို ကူညီပေးမည်ဖြစ်ပါသည်။

နိုင်ငံခြားသားများနှင့် လက်တွဲနေထိုင်ရေးအသင်း ကူမူစတာကာအသင်း

Email: groupkumustaka@yahoo.co.jp

* ဂျပန်နိုင်ငံတွင် ကိုယ်ဝန်ဆောင်စဉ် SOS အကြံပေးချန်နယ်များ (ဂျပန်ဘာသာ)


ဂျပန်တစ်ဝှမ်းရှိ ကိုယ်ဝန်ဆိုင်ရာ တိုင်ပင်နိုင်သော ချန်နယ်များစာရင်းပါဝင်သည်။ တိုင်ပင်ရေးချန်နယ်ကို နှိပ်၍ ဆက်သွယ်ရန်အချက်အလက်များနှင့် ကူညီပေးသည့်အချိန်များကို ကြည့်ရှုနိုင်ပါသည်။

အကြမ်းဖက်မှုနှင့် အိမ်တွင်းအကြမ်းဖက်မှု(DV)

* လူမှုရေးပေါင်းစပ်ပါဝင်မှု ထောက်ပံ့ရေးဌာန Domestic Violence Hotline Plus +

လက်ရှိ သို့မဟုတ် ယခင် ချစ်သူထံမှ အကြမ်းဖက်ခြင်း အတွက် ဆွေးနွေးရန် (လွယ်ကူသော ဂျပန်ဘာသာဖြင့်)

IV

အလုပ်အကိုင်ကျန်းမာရေး (အလုပ်နှင့်ဆက်နွယ်သော ဆွေးနွေးမှု)

** နည်းပညာအလုပ်သင်သင်တန်း စီမံခန့်ခွဲရေးအဖွဲ့ (OTIT)

နိုင်ငံခြားသား နည်းပညာအလုပ်သင်တန်း ကြီးကြပ်ရေးကော်မတီ (OTIT)
မိခင်ဘာသာဖြင့် ဆွေးနွေးတိုင်ပင်ရန်ဌာန (၈ ဘာသာ)

နည်းပညာအလုပ်သင်(ဂိနိုးဂျိရှူး) နှင့်ဆိုင်သော အကြောင်းအရာများ၊ ဂျပန်နိုင်ငံရှိ စားဝတ်နေရေး စသည်

*နိုင်ငံခြားအလုပ်သမားများအတွက် ဆွေးနွေးတိုင်ပင်ရန် ဖုန်းနံပါတ်

အလုပ်နှင့်ပတ်သက်သော အခြေအနေများနှင့်
ပတ်သက်၍ ဖုန်းဆက်
တိုင်ပင်ဆွေးနွေးရန် ကောင်တာ (ဘာသာစကား ၁၄ မျိုးဖြင့်)

*အလုပ်အကိုင် အခြေအနေစည်းမျဥ်းများဆိုင်ရာ ဆွေးနွေးတိုင်ပင်မှု Hotline

ကျန်းမာရေးနှင့် အလုပ်သမားဝန်ကြီးဌာနက တာဝန်ပေးထားသောလုပ်ငန်း
ဥပဒေချိုးဖေါက်သော အချိန်ပို အလုပ်၊ အလွန်အကျူး အလုပ်လုပ်ခြင်းကြောင့် ခန္ဓာကိုယ်ထိခိုက်ခြင်း၊ လစာမဲ့အချိန်ပိုအလုပ်စသည့် အလုပ်သမား
အခြေခံဥပဒေနှင့် ပတ်သက်သော ပြဿနာများအတွက်
တိုင်ပင်မှုကို သက်ဆိုင်ရာဗဟုသုတရှိသော အကြံပေးပုဂ္ဂိုလ်များက ဖုန်းဖြင့် ဖြေကြားပေးပါမည်။

အခြား

တိုကျို လူဝင်မှုကြီးကြပ်ရေးဌာနမှကြီးကြပ်သည့် တစ်နေရာတည်းတွင် အထွေထွေဆွေးနွေးတိုင်ပင်နိုင်သော နိုင်ငံခြားသားများအတွက် ဆွေးနွေးထောက်ပံ့ရေးစင်တာ
https://www.moj.go.jp/isa/support/consultation/japanese.html

ဂျပန်နိုင်ငံမှာနေထိုင်သော နိုင်ငံခြားသားများ၏ အမျိုးမျိုးသော မေးခွန်းများနှင့် ဆွေးနွေးတိုင်ပင်မှုများကို ဖြေဆိုနိုင်ပါသည်။

နေထိုင်ခွင့်ဗီဇာနှင့် ပတ်သက်သော အကြောင်းအရာများအပြင် နေ့စဥ်ဘဝတွင် ကြုံတွေ့ရသော အခက်အခဲများကိုပါ တိုင်ပင်နိုင်ပါသည်။

Tel 03-3202-555, 03-5155-4039

★ နိုင်ငံခြားသား နေထိုင်ခွင့်ထောက်ပံ့ရေးဌာန (FRESC) နေထိုင်ခွင့် ဆွေးနွေးခြင်း
https://www.moj.go.jp/isa/support/fresc/fresc_2.1.html

လူဝင်မှုကြီးကြပ်ရေး လုပ်ထုံးလုပ်နည်းစသည့် နားမလည်သော အရာများကို တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

〇 ခင်ပွန်းသည်နှင့် ကွာရှင်းရန် စဉ်းစားနေပါသည်။ ဂျပန်ပြည်တွင် ဆက်လက်နေထိုင်ခွင့် ရရှိနိုင်ပါသလား စသည်…

ကြိုတင်ဘိုကင်လုပ်ရသည့် စနစ်ဖြစ်၍ စောင့်ဆိုင်းရန် မလိုဘဲ ဝန်ထမ်းများနှင့် ဆွေးနွေးတိုင်ပင်နိုင်ပါသည်။

ထို့အပြင် အမည်မဖော်ဘဲလည်း တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

ဂျပန်စကားမကျွမ်းကျင်သူများအတွက်လည်း စကားပြန် စီစဥ် ပေးပါမည်။

လူတွေ့ (FRESCတွင် ကိုယ်တိုင်လာရောက်) တိုင်ပင်ခြင်းနှင့် အွန်လိုင်းမှ ဆွေးနွေးတိုင်ပင်ခြင်းကို ရွေးချယ်နိုင်ပါသည်။

တယ်လီဖုန်းဖြင့် ဆွေးနွေးတိုင်ပင်၍ မရပါ။

ဘာသာစကားအမျိုးမျိုးဖြင့် နေ့စဥ်ဘဝဆိုင်ရာ တိုင်ပင်ဆွေးနွေးနိုင်သော စင်တာများ
https://www.clair.or.jp/j/multiculture/association/consultation_list.html

မိမိနေထိုင်သည့်နေရာတွင်ရှိသော ဘာသာစကားအမျိုးမျိုးဖြင့် တိုင်ပင်ဆွေးနွေးနိုင်သော စင်တာကို ရှာဖွေပြီး တိုင်ပင်ကြည့်ကြပါစို့။