ဂျပန်တွင် အလုပ်လုပ်နေစဉ် အဆက်အသွယ်မှတဆင့် ကူးစက်ရောဂါ (STD) များကို ခံစားရပါက သို့မဟုတ် ကိုယ်ဝန်ဆောင်ဖြစ်ပါက သင်ဘာလုပ်သင့်မလဲ?
ဤအခန်း (၃) တွင် လိင်ဆက်ဆံမှုမှတဆင့် ကူးစက်နိုင်သော ရောဂါများ၊ ထိုသို့ ကူးစက်ခံစားရပါက သွားရမည့် ဆေးဘက်ဆိုင်ရာဌာနများ၊ မျိုးစေ့ဌာန (OB-GYN) နှင့် သားအိမ်ဆိုင်ရာ ဌာန (Urology) အကြောင်းကို ရှင်းပြမည်ဖြစ်သည်။
ထို့အပြင် ဤအပိုင်းတွင် ကိုယ်ဝန်ဆောင်မိသည့် အမျိုးသမီးများအတွက် နောက်ထပ် အဆက်အသွယ်ဆိုင်ရာ အချက်အလက်များကိုလည်း ပံ့ပိုးပေးမည်ဖြစ်ပြီး ဂျပန်တွင် မလိုချင်သော်လည်း ကိုယ်ဝန်ဆောင်မိပါက အလုပ်လုပ်စဉ် ဘယ်လို အခြေအနေများကို သတိပြုရမည်၊ ကလေးမွေးဖွားရန်နည်းလမ်းများ သို့မဟုတ် မလိုချင်သော ကိုယ်ဝန်ကို ရပ်တန့်ရန် နည်းလမ်းများကိုလည်း ဖော်ပြပေးမည်ဖြစ်သည်။
ထို့အပြင် ဤအပိုင်းတွင် လိင်ဆက်ဆံမှုသည် ကျွန်တော်တို့၏ ဘဝနှင့် မခွဲနိုင်သော အရာဖြစ်ကြောင်းကိုလည်း ဖော်ပြထားသည်။ ဂျပန်တွင် နေထိုင်နေသူများအတွက် လိင်ဆက်ဆံမှုနှင့် ပတ်သက်သည့် အကြံဉာဏ်ပေး အစီအစဉ်များ၊ လိင်ပိုင်းဆိုင်ရာ အပြစ်ကျူးလွန်မှုများ သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းမှုများ ဖြစ်ပါက သင်ဘာအကျိုးပြုသင့်မည်ဆိုသည့် အချက်အလက်များကိုလည်း အပြည့်အဝ ဖော်ပြပေးမည်ဖြစ်သည်။
• ထိုကဲ့သို့ ကတိကဝတ်များကို ဂျပန်နိုင်ငံတွင် ပြုလုပ်ခွင့်မရှိပါ။ ဂျပန်နိုင်ငံသို့ မလာခင်နှင့် ဂျပန်သို့ ရောက်ပြီးနောက်တွင် “ကိုယ်ဝန်ရလာပါက အလုပ်မှထွက်ပါမည်” “ကိုယ်ဝန်ရှိပါက မိမိတိုင်းပြည်သို့ ပြန်ပါမည်” ဆိုသော ကတိပေးခြင်း၊ ထိုကဲ့သို့ လက်မှတ်ထိုးရန် တောင်းဆိုခံရလျှင် ၊ “လက်မှတ်မထိုးချင်ပါ။မထိုးလည်း ရသည်” ဟု ပြောကြားပါ။
• ဂျပန်ဥပဒေတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကာကွယ်ပေးထားသော စနစ်များရှိပါသည်။ နည်းပညာအလုပ်သင်များကိုလည်း ဤစနစ်က အကာအကွယ်ပေးထားပါသည်။
• သားဖွားမီးယပ်ဌာနသို့ သွားရောက်ပြသခြင်း၊ ကိုယ်ဝန်ကြောင့် နေမကောင်းဖြစ်ခြင်းတို့ကြောင့် အလုပ်မှအနားယူခြင်းကိုလည်း ခွင့်ပြုထားပါသည်။
• ကုမ္ပဏီနှင့် တိုင်ပင်ဆွေးနွေးသော်လည်း ပြောင်းလဲမှု မရှိခဲ့လျှင် “တိုင်းနှင့်ပြည်နယ် အလုပ်သမားရေးရာဦးစီးဌာန၊ အလုပ်ခန့်ထားခြင်းနှင့် အလုပ်အကိုင်ပတ်ဝန်းကျင်၊ တန်းတူညီမျှရေးဌာန” (ရုံး) နှင့်လည်း တိုင်ပင်ဆွေးနွေး နိုင်ပါသည် ။
မှတ်ချက်
ဤအချက်အလက်က အကူအညီဖြစ်ပါသလား။[လိင်မှတဆင့် ကူးစက်သောရောဂါ (STI)နှင့်ပါတ်သက်၍]
• လိင်မှတဆင့် ကူးစက်သောရောဂါ (Sexually Transmitted Infection:STI) မှာ လိင်ဆက်ဆံခြင်းဖြင့် ကူးစက်ပျံ့နှံ့သော ရောဂါ ဖြစ်ပါသည်။ လူငယ်များအကြား အဖြစ်များသော လိင်မှတဆင့် ကူးစက်သောရောဂါ များ တွင် HIV(AIDS)၊ ကြွက်နို့ (HPV)၊ ရေယုန် ၊ Chlamydia နှင့် ဂနိုရီယာ(ဆီးပူညောင်းကျရောဂါ) များ ပါဝင် သည် ။ တစ်ခုခု မူမမှန်ဟု ထင်နေပါက နီးစပ်ရာ ဆေးရုံဆေးခန်းတွင် တိုင်ပင်ပါ။
• အမျိုးသားဆိုပါက ဆီးလမ်းကြောင်းဌာန၊ လိင်မှတဆင့် ကူးဆက်သောရောဂါဌာန၊ ကူးဆက်ရောဂါဌာနဟု ရေးသားထားသော ဆေးရုံဆေးခန်းသို့ သွားရောက်ပြသပါ။
• အမျိုးသမီးဆိုပါက သားဖွားမီးယပ်ဆေးရုံဆေးခန်းသို့ သွားရောက်ပြသပါ။
• မိမိချစ်သူတွင် ရောဂါရှိနေမလားလို့ မတွေးချင်သော်လည်း တစ်ဦးမှတစ်ဦး ရောဂါမကူးဆက်ရအောင် လိင်ဆက်ဆံသည့်အခါ မဖြစ်မနေ ကွန်ဒုံးကို အသုံးပြုကြပါစို့။
• ကွန်ဒုံးအသုံးပြုခြင်းအပြင် မိမိသေချာဆုံးဖြတ်ထားသူတစ်ဦးမှလွဲ၍ အခြားမည်သူနှင့်မျှ လိင်ဆက်ဆံခြင်းမပြုလုပ်ခြင်း၊ တိုက်ရိုက်ပါးစပ်ဖြင့်လိင်ဆက်ဆံခြင်းကို ရှောင်ကြဉ်ခြင်းအားဖြင့် လိင်မှတဆင့်ကူးစက်သောရောဂါများကိုလည်း တားဆီးနိုင်ပါသည်။
• မိမိသတိမထားမိခိုက်တွင် လိင်မှတဆင့်ကူးစက်သောရောဂါများ ကူးစက်ခံရနိုင်ခြေ ရှိတတ်ပါသည်။ ပထမဦးဆုံး လိင်ဆက်ဆံမှုမပြုခင် ကူးစက်ရောဂါ ဆေးစစ်မှုကို ပြုလုပ်ပါက မိမိ ချစ်မြတ်နိုးရသူကို မရည်ရွယ်ဘဲ လိင်မှတဆင့် ကူးစက်သောရောဂါ ကူးစက်စေခြင်းမှ ကာကွယ်နိုင်သည့်အပြင်၊ မိမိတွင်ရှိနေသော ရောဂါကိုလည်း ကုသနိုင်သည့်အတွက် ထိုကဲ့သို့ဆေးစစ်မှုခံယူရန်တိုက်တွန်းပါသည်။
• ထို့အပြင် သန္ဓေတားဆေး (ပီးလ်)မှာ ကိုယ်ဝန်တားရန်အတွက်သာဖြစ်သည့်အတွက် လိင်မှတဆင့် ကူးစက်သောရောဂါကို ကာကွယ်နိုင်ခြင်းမရှိပါ။
• သားအိမ်ခေါင်းကင်ဆာသည် သားအိမ်ဝင်ပေါက် (သားအိမ်ခေါင်းပိုင်း) အနီးတွင် ဖြစ်ပွါးတတ်သော အမျိုးသမီး ကင်ဆာရောဂါဖြစ်သည်။
• ထိုရောဂါသည် ပါပီလိုမာဗိုင်းရပ်စ် (HPV) ခေါ် လိင်အင်္ဂါတွင် ကြွက်နို့ဖြစ်နိုင်သောဗိုင်းရပ်စ် ကူးစက်ခြင်းကြောင့် ဖြစ်ပါသည်။
• သားအိမ်ခေါင်းကင်ဆာသည် အမျိုးသမီးအားလုံးတွင် ဖြစ်နိုင်ခြေရှိသည့် ရောဂါတစ်ခုဖြစ်သည်။ ဤဗိုင်းရပ်စ်ပိုးသည် အဓိကအားဖြင့် လိင်မှတဆင့် ကူးစက်ပျံ့နှံ့ပါသည်။ အလွန်အဖြစ်များသော ဗိုင်းရပ်စ်ပိုးတစ်မျိုး ဖြစ်ပြီး၊ လိင်ဆက်ဆံဖူးသော အမျိုးသမီးဖြစ်ပါက မည်သူမဆို ဤဗိုင်းရပ်စ်ပိုးကို အနည်းဆုံးတစ်ကြိမ် ကူးစက်ခံရသည်ဟု ဆိုကြပါသည် ။
• ဗိုင်းရပ်စ်ပိုးကူးစက်ခံရသော သားအိမ်ခေါင်းသည် ကင်ဆာဖြစ်လာရန် နှစ်ပေါင်းများစွာ ကြာနိုင်ပါသည်။ ဗိုင်းရပ်စ်ပိုးသည် ထိုနေရာတွင် အချိန်ကြာမြင့်စွာရှိနေပြီး၊ ကင်ဆာအဖြစ် တဖြည်းဖြည်းပြောင်းလဲနေသော်လည်း၊ ကင်ဆာ မဖြစ်လာခင်၊ သို့မဟုတ် ကင်ဆာဖြစ်ခါစတွင် မိမိကိုယ်တိုင်လည်း သိရှိမည်မဟုတ်ပါ။
【သားအိမ်ခေါင်းကင်ဆာ မဖြစ်ပွားစေရန်】
• သားအိမ်ခေါင်းကင်ဆာ မဖြစ်စေရန် နည်းလမ်း ၂ သွယ် ရှိပါသည်။
①HPVကာကွယ်ဆေး:HPVသားအိမ်ခေါင်းဝတွင် တွယ်ကပ်အခြေချနေထိုင်ခြင်းမှ တားဆီးပေးသည့် ကာကွယ်ဆေးရှိပါသည်။ ဒီကာကွယ်ဆေးကို ပထမဆုံးအကြိမ် လိင်မဆက်ဆံမီ၊ တနည်းဆိုသော် သင့်ကိုယ်ခန္ဓာတွင်းသို့ ဗိုင်းရပ်စ်ပိုးမဝင်ရောက်မီ ထိုးရပါမည်။ သို့သော် ကာကွယ်ဆေးဖြင့် ၁၀၀% ကာကွယ်နိုင်သည် မဟုတ်ပါ။ ကာကွယ်ဆေးထိုးပြီးနောက်တွင်လည်း ပုံမှန်ဆေးစစ်ရန် အရေးကြီးပါသည်။
②ပုံမှန် ဆေးစစ်မှုပြုလုပ်ခြင်း(သားအိမ်ခေါင်းစစ်ဆေးခြင်း):ကာကွယ်ဆေးမထိုးခင် လိင်ဆက်ဆံခဲ့လျှင်လည်း ပုံမှန် ဆေးစစ်မှုပြုလုပ်ကာ သားအိမ်ခေါင်းကို စစ်ဆေးကြည့်ပြီး ကင်ဆာလက္ခဏာများကို စောစောတွေ့ရှိပြီး သေချာကုသပါက ၁၀၀%နီးပါး ပျောက်ကင်းနိုင်ပါသည်။
• ဂျပန်နိုင်ငံတွင် သင်နေထိုင်သည့် မြို့နယ်မှတဆင့် သားအိမ်ခေါင်း ကင်ဆာစစ်ဆေးမှုများကို ပြုလုပ်နိုင်ပါသည်။ အခမဲ့ သို့မဟုတ် အလွန်စျေးသက်သာပါသည်။ (ယန်း ၅၀၀ ခန့်)။ အသက် ၂၀ နှင့်အထက် အမျိုးသမီးများအတွက်ဖြစ်သည် ။ (၂ နှစ်လျှင်တစ်ကြိမ်)

သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းကို မည်သည့်အချိန်တွင် ပြုလုပ်ရမည်၊ မည်သို့လျှောက်လွှာတင်ရမည် အစရှိသည်ကို သင်နေထိုင်သည့် မြို့နယ်မှ ဆုံးဖြတ်ပါသည်။ သင်နေထိုင်သော မြို့၊ မြို့နယ်၊ သို့မဟုတ် ကျေးရွာ၏ အုပ်ချုပ်ရေးမှူးရုံး သို့မဟုတ် ပြည်သူ့ကျန်းမာရေးဌာန သို့မဟုတ် ကျန်းမာရေးစင်တာများတွင် မေးမြန်းစုံစမ်းပါ။

• လိင်အင်္ဂါရောင်ရမ်းနေသည်
• လိင်အင်္ဂါ စပ်ဖျဥ်းဖျဥ်း ဖြစ်နေသည်
• လိင်အင်္ဂါတွင် အဖုကလေးများ ထွက်နေသည်
• လိင်အင်္ဂါမှ ပြည်ကဲ့သို့သော ပြစ်ချွဲချွဲအရည်များ ထွက်နေသည်
• အတွင်းခံဘောင်းဘီတွင် မမြင်ဖူးသော အညစ်အကြေးများ ပေကျံစွဲကပ်နေသည်
• ဆီးသွားသည့်အခါ နာကျင်မှု၊ ထူးဆန်းမှု တစ်ခုခု (ကျဥ်စပ်ခြင်း၊ ပူလောင်ခြင်း) ခံစားရခြင်း ရှိသည်
• လိင်အင်္ဂါအနီးတစ်ဝိုက် ယားယံခြင်း စသည်



• ရာသီဓမ္မတာ –
ရာသီမလာခြင်း၊ ရာသီချိန်မမှန်ခြင်း၊ ရာသီလာချိန်တွင် အလွန်နာကျင်ခြင်း
• အဖြူဆင်းခြင်း –
အဖြူဆင်းတာများလာခြင်း၊ ထူးဆန်းသောအနံ့ရခြင်း၊ အရောင်ပါခြင်း
• မူမမှန်သော သွေးဆင်းခြင်း –
ရာသီအချိန်မဟုတ်ဘဲ သွေးဆင်းခြင်း၊ လိင်ဆက်ဆံချိန်တွင် သွေးထွက်ခြင်း
• နာကျဥ်ခြင်း –
ရာသီချိန်ပြင်ပတွင်လည်း ဝမ်းဗိုက်အောက်ပိုင်း နာကျဥ်ခြင်း၊ အပေါ့အလေးသွားချိန်တွင်၊ လိင်ဆက်ဆံချိန်တွင် နာကျဥ်ခြင်း၊ အနည်းငယ်လှုပ်ရှားရုံဖြင့် ခါးနာခြင်း၊ အမြဲတစေ ဝမ်းဗိုက်အောက်ပိုင်းက နာကျဥ်နေခြင်း
• ယောင်ခြင်း –
ဗိုက်တွင်တင်းနေခြင်း၊ အပေါ့အလေးသွားရခက်ခြင်း၊ အပေါ့ခဏခဏသွားခြင်း၊ ဝလာသည်ဟု ခံစားရခြင်း
• လိင်အင်္ဂါအပြင်ပိုင်း –
ဆီး၊ ရာသီသွေးဆင်းသည့်နေရာတဝိုက်တွင် အဖုတစ်ခုခု ပေါက်နေခြင်း၊ ယားယံခြင်း၊ နာကျဥ်ခြင်း
ပထမဦးဆုံး ဆေးစစ်ချိန်တွင် လိင်အတွေ့အကြုံနှင့် ပတ်သက်၍ မေးမြန်းတတ်ပါသည်။ ရှက်စရာမလိုပါ။ ပွင့်ပွင့်လင်းလင်းပြောပြပါ။ လိင်ဆက်ဆံမှုအတွေ့အကြုံ မရှိပါက၊ လိင်အင်္ဂါစစ်ဆေးချိန်တွင် ဆရာဝန်မှ အထူးဂရုစိုက်ပေးပါလိမ့်မည်။ ပထမဦးဆုံးအကြိမ် ဆေးစစ်ချိန်တွင် ယန်း၅၀၀၀ လောက် ကုန်ကျပါမည်။ “ပိုက်ဆံမရှိ၍ သားဖွားမီးယပ်ဌာနကို မသွားပါ”ဟု ပြောမည့်အစား “ဒီနေ့ပါလာသော ပိုက်ဆံနဲ့ ဆေးစစ်ပေးပါ” ဟု ပြောပါ။ သားဖွားမီးယပ်ဌာနတွင် ဆေးစစ်သည့်အခါ အောက်ပါမေးခွန်းများ မေးမြန်းခံရမည်ဖြစ်၍ မသွားခင် ဖတ်ရှုထားကြပါစို့။


STIအတွက် မလွဲမသွေ လက်တွဲဖော်ကိုလည်း စစ်ဆေးစေပြီး၊ လိုအပ်ပါက ဆေးကုသမှုခံယူကြပါစို့။
• အခု ကလေးမလိုချင်သေးပါဟု တွေးထားပါက သန္ဓေတားခြင်းအားဖြင့် ကိုယ်ဝန်ရခြင်းကို တားဆီးပါ။
• ဂျပန်နိုင်ငံတွင် အမျိုးသမီးတဖက်ထဲမှ သန္ဓေတားနိုင်သောနည်းမှာ အနည်းငယ်သာရှိပါသည်။ အမျိုးသားများ၏ ပူးပေါင်းဆောင်ရွက်မှုသည် လွန်စွာအရေးကြီးပါတယ်။ အမျိုးသားများ တာဝန်ယူပြီး အတူတကွ စဥ်းစားကြပါစို့။
• လူတွေပြောတတ်တဲ့ “စိတ်ချရတဲ့ရက်”(သန္ဓေတားနည်းကို မသုံးသော်လည်း ကိုယ်ဝန်မရနိုင်သောရက်) ဆိုတာ မရှိပါ။ သွေးမဆုံးသေးသော အမျိုးသမီးဖြစ်လျှင် မည်သည့်အချိန်တွင်မဆို ကိုယ်ဝန်ရနိုင်ပါသည်။
|
ဂျပန်နိုင်ငံတွင် မည်သည့် သန္ဓေတားနည်းများကို အသုံးပြုနိုင်သနည်း?
|
မည်သည့်နေရာတွင် ရရှိနိုင်သနည်း? | မည်မျှကုန်ကျမည်နည်း? |
|---|---|---|
အမျိုးသားသုံး ကွန်ဒုံးများ![]() |
ယန်း၁၀၀ဆိုင်၊ ကွန်ဘီနီ၊ ဆေးဆိုင် ဇိုင်းလျူးကတ်ပြားကဲ့သို့ ID ကတ်များ ပြရန်မလိုပါ။
|
တစ်ခုလျှင်ယန်း ၅၀မှ ၁၀၀ အွန်လိုင်းစျေးဆိုင်များတွင် အခု ၁၀၀ပါ ယန်း ၁,၅၀၀ (တစ်ခု ၁၀ – ၁၉ ယန်းခန့်) လည်းရှိပါသည်။
|
သောက်သုံးရသော သန္ဓေတားဆေးများ (OC)![]() |
သားဖွားမီးယပ်ဌာန ဆရာဝန်နှင့် ပြသစစ်ဆေးပြီးနောက် ဆေးညွှန်းစာကို ရယူပါ။
|
ပထမအကြိမ်တွင် ဆရာဝန်ပြခ၊ သွေးဖောက်စစ်ဆေးခ၊ ဆေးညွှန်းစာစသည်အတွက် ယန်း ၁သောင်းခန့် ကုန်ကျပါမည်။ ဒုတိယအကြိမ်မှစပြီး တစ်လစာ ဆေးဝါးခ ယန်း ၂,၀၀၀ မှ ၃,၀၀၀ ခန့်ကုန်ကျပါမည်။ ကျန်းမာရေးအာမခံကို သုံး၍မရပါ။
|
|
သားအိမ်တွင်း ထည့်သွင်းရသော ကိုယ်ဝန်တားပစ္စည်း (IUS/IUD)
![]() |
သားဖွားမီးယပ်ဌာန ဆရာဝန်က စစ်ဆေးပြီး တခါတည်း ထည့်သွင်းပေးပါလိမ့်မယ်။ မထည့်သွင်းမီ စမ်းသပ်စစ်ဆေးရန် လိုအပ်ပါသည်။ ထည့်သွင်းပြီးသည့်နောက်တွင်လည်း ပုံမှန်စစ်ဆေးမှု ပြုလုပ်ရပါမည်။ |
ယန်း ၄ဝ,၀၀၀ ခန့်။ ၁ကြိမ်ထည့်ပြီးလျှင် ၃ နှစ်မှ ၅ နှစ်အထိ အာနိသင်ရှိမည်ဖြစ်သည်။ ကျန်းမာရေးအာမခံကို သုံး၍မရပါ။
သို့သော် ရာသီလာစဥ် နာကျင်မှုပြင်းထန်သူများအား နာကျင်မှုသက်သာစေရန် ဆေးကုသသည့်အနေဖြင့် IUS/IUD ထည့်သွင်းခြင်းလည်းရှိပါသည်။
ဤအခြေအနေမျိုးတွင် ကျန်းမာရေးအာမခံကို အသုံးပြု၍ရသဖြင့် ယန်း ၁၂,၀၀၀ လောက်သာကျပြီး စျေးသက်သာသွားပါလိမ့်မည်။
|
အရေးပေါ် သန္ဓေတားဆေး (နောက်နေ့မနက်တွင် သောက်သော ဆေး)![]() |
OB-GYN ဌာနတွင် စမ်းသပ်စစ်ဆေးမှုနှင့် ဆေးချက်တစ်စောင် လိုအပ်ပါသည်။
|
ယန်း 10,000 နှင့်အထက် ကျန်းမာရေးအာမခံကို သုံး၍မရပါ။ |
ကိုးကား- သားဖွားမီးယပ် လေ့ကျင့်ရေး လမ်းညွှန်ချက်များ – သားဖွားမီးယပ် ပြင်ပလူနာ ထုတ်ဝေမှု 2020၊ Japan သားဖွားမီးယပ်ပညာအသင်း
ဂျပန်နိုင်ငံတွင် အသုံးမပြုနိုင်သော သန္ဓေတားနည်းများ
ဂျပန်နိုင်ငံတွင် ကိုယ်ဝန်ဆောင်ခြင်း ဝက်ဘ်ဆိုက် ကူမူစတာကာ – နိုင်ငံခြားသားများနှင့် လက်တွဲနေထိုင်ရေးအသင်း
အသေးစိတ်ထပ်မံရှာဖွေမည်!
ဂျပန်နိုင်ငံသို့ ဆေးဝါးများ ယူဆောင်လာခြင်းနှင့် ပတ်သက်၍
• မိမိအသုံးပြုသော ဆေးဝါးအတွက် ၁လစာ ခွင့်ပြုပါသည်။
• ၁လစာအထက် ဆေးဝါးသယ်ယူလာပါက လုပ်ငန်းအဆင့်ဆင့် လိုအပ်လာပါမည်။ သွင်းကုန် အတည်ပြုလျှောက်လွှာကို ဆရာဝန်ဆေးစစ်ချက်၊ ဆေးလက်မှတ်၊ ဆေးပစ္စည်းရှင်းလင်းချက်များနှင့် အကောက်ခွန်ဌာနကို တင်ပြရပါမည်။ ယူဆောင်လာသော ဆေးဝါးကို အခြားသူတစ်ဦးတစ်ယောက်အား ဝယ်ယူရောင်းချခြင်း ပြုလုပ်ပါက ဆေးဝါးနှင့် ဆေးပစ္စည်းဆိုင်ရာဥပဒေ ချိုးဖေါက်သူ ဖြစ်ပြီး၊ ၁နှစ်မှ ၂ နှစ် ထောင်ဒဏ် သို့မဟုတ် ယန်းသောင်း ၁၀၀မှ သောင်း၂၀၀ ဒဏ်ငွေ ဆောင်ရပါမည်။ လုံးဝမပြုလုပ်ပါနှင့်။
• ဆေးဝါးများကို ကိုယ်ပိုင်အသုံးအတွက် တင်သွင်းမှုနှင့် ပါတ်သက်၍ (ဂျပန်ဘာသာ)
• “ရာသီလာတာ နောက်ကျနေတယ်”၊ “ကိုယ်ဝန်ရှိနေတာလားမသိဘူး”လို့ ထင်ပါက ကိုယ်ဝန်ရှိမရှိစစ်ဆေးခြင်း၊ သားဖွားမီးယပ်ဌာနတွင် ပြသခြင်းများကို စောလျင်စွာ ပြုလုပ်ကြပါစို့။
• ဂျပန်နိုင်ငံရှိ ဆေးဆိုင်များတွင် ကိုယ်ဝန်ရှိမရှိ စမ်းသပ်သည့် ကိရိယာကို ဝယ်ယူနိုင်ပါသည်။ (စျေး– ၅၀၀ မှ ၁,၀၀၀ ယန်း) ကိုယ်ဝန်ရှိမရှိ စစ်ဆေးသော ကိရိယာဖြင့် စစ်ဆေးပြီး ကိုယ်ဝန်ရှိနေသည်ဟု အဖြေထွက်ပါက သားဖွားမီးယပ်ရောဂါဌာနကို သွားကြသည်က များပါသည်။
• အများအားဖြင့် ကိုယ်ဝန်ရှိသည်ဟု သတိထားမိသော အချိန်တွင် ကိုယ်ဝန်မှာ ၅ – ၆ ပတ်အတွင်း ဖြစ်နိုင်ပါသည်။ မွေးဖွားလိုပါက ကိုယ်ဝန်ဆောင်စဉ်အတွင်း မည်သည့်အရာကို သတိပြုသင့်ကြောင်း၊ စောစီးစွာသိထားသင့်သည့်အပြင်၊ ကိုယ်ဝန်သည် စာရင်းသွင်းထားပါက အမျိုးမျိုး အကူအညီများကို ရယူနိုင်ပါသည်၊၊
• ထို့အပြင် ကလေးမမွေးနိုင်ပါက ကိုယ်ဝန် ၂၂ ပတ်မပြည့်ခင်အထိ (၂၁ ပတ်နဲ့ ၆ ရက်) အထိ ကိုယ်ဝန်ဖျက်ချနိုင်ပါတယ်။ ဂျပန်နိုင်ငံတွင် ကိုယ်ဝန်ဖျက်ချသော အမျိုးသမီးနှင့် ဆရာဝန်များကို အပြစ်ပေးခြင်း မရှိပါ။ ညွှန်ကြားပေးသောသားဖွားဌာနတွင် ဘေးကင်းစွာ ကိုယ်ဝန်ဖျက်ချနိုင်ပါသည်။
• ကိုယ်ဝန်ရှိနေပြီဟု ထင်သည့်အခါ၊ ကိုယ်ဝန်ရှိနေသော်လည်း မည်သို့ ပြုလုပ်ရမည်ကို မသိပါက တစ်ယောက်တည်း တွေဝေမစိုးရိမ်နေဘဲ ချက်ချင်းတိုင်ပင်ကြပါစို့။

အခြေခံအားဖြင့် ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးဖွားရန်အတွက် ကျန်းမာရေးအာမခံကို အသုံးမပြုနိုင်သော်လည်း ဒေသခံအစိုးရ (ကျေးရွာ၊ မြို့နယ်)များက အတိုင်းအတာတစ်ခုအထိ ထောက်ပံ့ငွေပေးအပ်ပါသည်။ ကိုယ်ဝန်ရှိသည်ဟု သိရှိပါက မိမိနေထိုင်ရာ ကျေးရွာ၊မြို့နယ်၏ကောင်တာတွင် စောစောစီးစီး ကိုယ်ဝန်ဆောင်စာရင်းသွင်းပြီး ထောက်ပံ့ငွေကို ရယူပါ။
နိုင်ငံခြားသား နည်းပညာအလုပ်သင်တစ်ဦးမှ ဂျပန် သို့မဟုတ် အခြားတိုင်းပြည်တွင် ကလေးမွေးဖွားသည့်အခါ နည်းပညာအလုပ်သင်တန်းမှ ခေတ္တရပ်ဆိုင်းခြင်းခံရပါမည်။ သို့သော် မီးဖွားခွင့် ယူပြီးနောက် ပြန်လည်တက်ရောက်နိုင်ပါသည်။ မိခင်ဖြစ်သူ နည်းပညာသင်တန်းသား၏ ဗီဇာကိုလည်း သက်တမ်းတိုးခြင်း သို့မဟုတ် ပြောင်းလဲခြင်းများ ပြုလုပ်နိုင်ပါသည်။
ပထမဦးဆုံးအနေနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့သွားပြီး ကိုယ်ဝန်ရှိနေ၍ ကိုယ်ဝန်ဆောင်စာရင်းသွင်းလိုကြောင်း ပြောပါ။ လျှောက်လွှာရေးနည်းကို သင်ပြပေးရန် တောင်းဆိုနိုင်ပါသည်။ လျှောက်လွှာတင်ပြီးသောအခါ မိခင်နှင့်ကလေး ကျန်းမာရေး လက်စွဲစာအုပ် ရရှိပါမည်။ ထိုစာအုပ်ကို အသုံးပြုကာ မြို့နယ်ရုံး၏ ကျန်းမာရေးတာဝန်ခံမှ မွေးဖွားသည်အထိ ကူညီထောက်ပံ့ပေးပါမည်။
နည်းပညာအလုပ်သင်သည် မိမိနိုင်ငံသို့ပြန်ပြီး မီးဖွားသည့်အခါ မိမိနိုင်ငံသို့မပြန်မီ စီမံကွပ်ကဲရေးအဖွဲ့ကို နိုင်ငံခြားသား နည်းပညာ အလုပ်သင်တန်း ကြီးကြပ်ရေးကော်မတီထံ လုပ်ထုံးလုပ်နည်းများကို ဆောင်ရွက်စေပြီးမှ မိမိတိုင်းပြည်သို့ ပြန်ပါမည်။ နည်းပညာအလုပ်သင်သင်တန်းကို ပြန်လည်စတင်သည့် အချိန်တွင် နိုင်ငံခြားသား နည်းပညာအလုပ်သင်တန်း ကြီးကြပ်ရေးကော်မတီထံမှ နည်းပညာလေ့ကျင့်ရေးအစီအစဉ် အသစ်အတွက် အသိအမှတ်ပြုခြင်းကို ရယူပြီးနောက်၊ လူဝင်မှုကြီးကြပ်ရေးရုံးတွင် လျှောက်ထား၍ “နည်းပညာ အလုပ်သင်” ဗီဇာဖြင့် ဂျပန်နိုင်ငံသို့ နောက်တစ်ကြိမ် ပြန်လည်လာရောက်ရပါမည်။
• ဂျပန်နိုင်ငံ၏ဥပဒေအရ ကိုယ်ဝန် ၂၂ ပတ်မပြည့်ခင် (၂၁ ပတ်နဲ့ ၆ ရက်) အထိ ကိုယ်ဝန်ဖျက်ချနိုင်ပါတယ်။
• ကိုယ်ဝန်ဆောင်ထားသောရက်သတ္တပါတ်အပေါ်မူတည်၍ ကိုယ်ဝန်ဖျက်ချနည်းများ ကွဲပြားပါသည် ဂျပန်ပြည်တွင် ကနဦးကာလ (၁၂ပါတ် မပြည့်မီ) ကိုယ်ဝန်ဖျက်ချမှုအတွက် နေ့ခြင်းပြန် သို့မဟုတ် ၁ညအိပ်ဖြင့် ပြုလုပ်နိုင်ပါသည်။ ကာလလည် (၁၂ပါတ်မှ ၂၂ပါတ် မပြည့်မီ) ကိုယ်ဝန်ဖျက်ချမှုအတွက် သုံးလေးငါးရက်မှ တစ်ပါတ်ခန့် ဆေးရုံတက် ပြုလုပ်နိုင်ပါသည်။ ကိုယ်ဝန်ဖျက်ချခြင်း ခွဲစိတ်မှုသည် ကိုယ်ဝန်အစောပိုင်းကာလ (၁၂ ပတ်အောက်)နှင့် ၁၂ ပါတ်အထက် အတွက် ခွဲစိတ်နည်းများသည် ကွဲပြားပြီး အမျိုးသမီး၏ကိုယ်ခန္ဓာအပေါ် အကျိုးသက်ရောက်မှုလည်း ကွဲပြားခြားနားပါသည်။ အကယ်၍ ကိုယ်ဝန်ဖျက်ချမည်ဆိုပါက မြန်မြန်ဆုံးဖြတ်ချက်ချခြင်းက ကိုယ်ခန္ဓာအတွက် ဝန်ထုပ်ဝန်ပိုးကို လျော့နည်းစေပါသည်။
• သောက်ဆေးကို ၂၀၂၃ခုဧပြီလမှ စ၍ ဂျပန်ပြည်တွင်ခွင့်ပြုခဲ့သော်လည်း ဆေးဆိုင်တွင်ဝယ်မရပါ။ သောက်ဆေးMEFEEGO Packနှင့်ပါတ်သက်၍ ကျန်းမာရေးနှင့် အလုပ်သမား ဝန်ကြီးဌာန ။ ဂျပန်ပြည်တွင် သောက်ဆေးသည် ကိုယ်ဝန်ကနဦးကာလ (၉ပါတ် မပြည်မီ)အထိ သုံး၍ရနိုင်ပါသည်။
• ကိုယ်ဝန်ဖျက်ချသည့်ခွဲစိတ်မှုအတွက် ကျန်းမာရေးအာမခံကို အသုံးပြု၍ မရပါ။ ဆေးရုံဆေးခန်းအပေါ်တွင် မူတည်သော်လည်း ကိုယ်ဝန်အစောပိုင်းကာလဖြစ်ပါက ယန်း ၁၀၀,၀၀၀ ဝန်းကျင် ဖြစ်ပါသည်။ ကိုယ်ဝန်အလယ်ပိုင်းကာလဖြစ်ပြီး ဆေးရုံတက်ရန်လိုအပ်ပါက ကုန်ကျစရိတ်ကို ဆေးရုံနှင့် ကြိုတင်စစ်ဆေးအတည်ပြုပါ။
• ကိုယ်ဝန်ဖျက်ချပြီးနောက် ခန္ဓာကိုယ်နှင့်စိတ်တွင် အမျိုးမျိုးအပြောင်းအလဲ ရှိနိုင်ပါသည်။
◎ ခန္ဓာကိုယ်… ကိုယ်ဝန်ဖျက်ချပြီးနောက် အချိန်ကြာမြင့်စွာ သွေးထွက်ခြင်း၊ နောက်တစ်ကြိမ် ရာသီလာခြင်းက မြန်ခြင်း၊ နှေးခြင်းဖြစ်နိုင်ပါသည်။
◎ စိတ်နှလုံး…… အမှားတစ်ခုခုကိုလုပ်မိပြီဆိုသည့် ခံစားချက်က အချိန်အတော်ကြာသည်အထိ စိတ်ဓာတ်ကျစေနိုင်ပါသည်။ ထို့အပြင် ကိုယ်ဝန်ရှိသည်ကို သိရှိသည်နှင့် ကိုယ်ဝန်ဖျက်ချမည်ဟုဆုံးဖြတ်သည့် ကာလအတွင်း မိမိလက်တွဲဖော်အပေါ် ယုံကြည်မှု ပျောက်ဆုံးသွားသော အမျိုးသမီးများလည်းရှိပါသည်။
• ဤပြောင်းလဲခြင်းများသည် မည်သူတွင်မဆို ဖြစ်တတ်ပါသည်။ စိုးရိမ်ပါက သားဖွားမီးယပ်ဌာန၊ စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးတိုင်ပင်နိုင်သောနေရာများသို့ တွေဝေခြင်းမရှိဘဲ တိုင်ပင်ကြပါစို့။
• ဂျပန်ဥပဒေတွင် သတ်မှတ်ထားသော ဆရာဝန်က ဆေးသောက်/ခွဲစိတ်၍ ကိုယ်ဝန်ဖျက်ချနိုင်သည်ကို ပြဌန်းထားပါသည်။
• မိမိနိုင်ငံမှ ကိုယ်ဝန်ဖျက်ဆေးကိုပို့ခိုင်းခြင်း၊ မိမိကိုယ်တိုင် ယူဆောင်လာသော ဆေးဝါးဖြင့် ကိုယ်ဝန်ဖျက်ချခြင်းတို့ ပြုလုပ်ပါက ဂျပန်ဥပဒေအရ အပြစ်ဒဏ်ပေးခံရပါလိမ့်မည်။ ထို့ပြင် ဆရာဝန်နှင့် ပြသစစ်ဆေးခြင်းမရှိဘဲ ဆေးဝါးသောက်ပြီး ကိုယ်ဝန်ဖျက်ချခြင်းသည် အန္တရာယ်ရှိသည်။
• အခက်အခဲရှိသောအချိန်တွင် ချက်ချင်း တိုင်ပင်ဆွေးနွေးပါ။
<အမျိုးသားများသို့>
အကယ်၍ ချစ်သူမိန်းကလေးနှင့်ဆွေးနွေးပြီး ကိုယ်ဝန်ဖျက်ချရန်ရွေးချယ်ပါက သူ့ကိုထောက်ပံ့ဖေးမပေးကာ အတူတကွကျော်ဖြတ်ကြပါစို့။
သို့သော် မွေးပြီးသည့်တိုင် ပြုစုပျိုးထောင်နိုင်ခြင်း မရှိပါ။ မကြာခင် မွေးဖွားပါတော့မည်။ မည်ကဲ့သို့ ပြုလုပ်ရမည်နည်း? ချက်ခြင်းတိုင်ပင်ဆွေးနွေးပါ။ ဆရာဝန်နှင့်တိုင်ပင်ခြင်းမပြုဘဲ မိမိဘာသာ ကလေးမွေးဖွားပြီးနောက် ကလေးသေဆုံးခဲ့သည်ရှိသော် ဂျပန်ဥပဒေအရ အပြစ်ပေးခံရနိုင်ခြေရှိပါသည်။ ကိုယ်ဝန်ရှိနေကြောင်း သိရှိထားပါက မည်သည့်ကိစ္စမဆို ဆရာဝန်နှင့် တိုင်ပင်သင့်သည်။


• “မုဒိမ်းကျင့်ခြင်း” နဲ့ “လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခြင်း”သည် ဂျပန်ဥပဒေအရ လိင်ပိုင်းဆိုင်ရာရာဇဝတ်မှုများ ဖြစ်ပါသည်။
• မည့်သည်အချိန်၊ မည်သည့်နေရာတွင်၊ မည်သူနှင့် မည်ကဲ့သို့လိင်ဆက်ဆံချင်သည်ကို သင်ကိုယ်တိုင် ဆုံးဖြတ်နိုင်ပါသည်။ လိုလားသဘောတူခြင်းမရှိသည်ကို ပြောနိုင်စွမ်း မရှိသောာအခြေအနေရှိ လိင်ပိုင်းဆိုင်ရာအပြုအမူများသည် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ဖြစ်ပါသည်။ လိုလားသဘောတူခြင်းမရှိသော လိင်ဆက်ဆက်ဆံမှုနှင့် ထိကပါးရိကပါး လုပ်ဆောင်မှုသည်အပြစ်ရှိသည်။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုသည် အသက်အရွယ်မရွေး၊ ကျားမ မရွေး ဖြစ်ပွားနိုင်သည်။ မည်သည့်အကြောင်းကြောင့် ဖြစ်စေကာမူ အနိုင်ကျင့်ခံရသော သင်သည် လုံးဝ မမှားပါ။
• အနီးပါတ်ဝန်းကျင်ရှိ သူများနှင့် လင်မယား စုံတွဲများကြားတွင်လည်း ဖြစ်ပွားနိုင်ပါသည်။ (3.7ကိုရှု)
• လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို လက်ခံခွင့်လွှတ်စရာ အကြောင်းမရှိပါ။
• စိတ်သောကရောက်၍ စိုးရိမ်ပူပန်မှုများကို တယောက်တည်း မခံစားနေပါနဲ့၊ အရင်ဆုံး တိုင်ပင်ဆွေးနွေးပါ။


လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများနှင့် အကြမ်းဖက်မှုများ ခံရသူအတွက် အစအဆုံး One-stop ထောက်ပံ့ရေးစင်တာများ စာရင်း
• နိုင်ငံတစ်ဝန်းရှိ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုများနှင့် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်ရန်ဌာနများစာရင်းဖြစ်သည်။
• သားဖွားမီးယပ်ဌာနနှင့် ဆွေးနွေးတိုင်ပင်ခြင်း၊ ဥပဒေဆိုင်ရာအကြံပေးခြင်းဝန်ဆောင်မှုတို့နှင့်လည်း ချိတ်ဆက်ထားပါသည်။
• DV*(လက်တွဲဖော်ဖြစ်ခဲ့သူ သို့မဟုတ် လက်ရှိလက်တွဲဖော်ထံမှ အကြမ်းဖက်မှု)သည် ရာဇဝတ်မှုဖြစ်ပြီး မည်သို့မျှ လက်ခံ ခွင့်လွှတ်ရန် မသင့်ပါ။
• ဂျပန်နိုင်ငံတွင် “DV ကာကွယ်ရေးဥပဒေ”* * ဟုခေါ်သော လက်တွဲဖော်ထံမှ အကြမ်းဖက်မှုကိုခံနေရသူများအား ကာကွယ်ပေးသော ဥပဒေရှိပါသည်။ ဤဥပဒေသည် ဂျပန်နိုင်ငံရှိ နိုင်ငံခြားသားအားလုံးနှင့်လည်း သက်ဆိုင်ပါသည်။
• ပြဿနာကို တစ်ယောက်တည်း ဖြေရှင်းဖို့ရန် ခက်ခဲသည့်အတွက် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။
** DV ကာကွယ်ရေးဥပဒေ – အိမ်ထောင်ဖက်ထံမှ အကြမ်းဖက်မှုကို ကာကွယ်ခြင်းနဲ့ အကြမ်းဖက်ခံရသူအား ကာကွယ်ပေးရေးဆိုင်ရာ ဥပဒေ

DVခံရသူသည် နေထိုင်ခွင့်ဗီဇာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကာကွယ်စောင့်ရှောက်မှုခံခွင့် ရှိစေရမည် (လူဝင်မှုကြီးကြပ်ရေးဌာန ကြေညာချက်အမှတ် ၂၆)
